Skip to content
Vodka, Gin & Tequila Graphic
Liquor အရက်

ကမ္ဘာ့အကျော်ကြားဆုံး အရက်များအကြောင်း - ၁ Vodka, Gin & Tequila

Linn Satt
Linn Satt

ဟုတ်ပြီ သူငယ်ချင်း...

အရင်က ယမကာလုလင်ပျိုတို့အတွက် Liquor အကြောင်း ပြောသွားတယ်၊ ဆက်လိုက်ကြရအောင်...

အရက်နဲ့ပတ်သက်ရင် လူတိုင်းမှာကိုယ်ပိုင် အကြိုက်ဆုံးတွေရှိကြမှာပါ။ ဒီနေ့မှာတော့ Vodka, Gin နဲ့ Tequila တို့ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ပြောပြမယ်။ ဒီသုံးမျိုးက ဘာတွေထူးလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်။

 

၁။ Vodka - အေးစက်ပြီး အာနိသင်ပြင်းတဲ့ အရက်

Vodka ကို သောက်ဖူးတဲ့သူတိုင်း သိကြမှာပါ။ သူ့ရဲ့ ထူးခြားချက်က အရောင်မရှိ၊ အနံ့မပြင်းဘဲ သန့်စင်နေတာပါ။ ABV (အရက်ပမာဏ) 40%-50% အထိရှိတဲ့အတွက် အာနိသင်ကတော့ မနည်းပါဘူး။

သမိုင်းကြောင်း

Vodka ကို ၁၄ ရာစုလောက်က ရုရှားနဲ့ ပိုလန်တို့မှာ စတင်ဖန်တီးခဲ့ကြတယ်။ ဘယ်သူအရင်စလုပ်တယ်ဆိုတာ ငြင်းနေကြတုန်းပါပဲ။ အစပိုင်းမှာ ဆေးဖြစ်ဝါးဖြစ် သုံးခဲ့ကြတာပါ။

ဘယ်လိုဖန်တီးလဲ

- အာလူး (သို့) ဂျုံ၊ ပြောင်းစတဲ့ အစေ့အဆန်တွေကနေ အဓိက ထုတ်လုပ်ပါတယ်။

- အကြိမ်ကြိမ်ချက်ပြီး ကျောက်မီးသွေးနဲ့စစ်ထားတဲ့အတွက် သန့်စင်ပြီး ချောမွေ့တဲ့ အရသာရှိပါတယ်။

အကျော်ကြားဆုံး Vodka တွေ

- Smirnoff (ရုရှား)

- Absolut (ဆွီဒင်)

- Grey Goose (ပြင်သစ်)

- Belvedere (ပိုလန်)

ဘယ်လိုသောက်ရမလဲ?

- Martini ဖျော်သောက်မလား

- Moscow Mule လုပ်မလား

- ဒါမှမဟုတ် ရိုးရိုး Shot သောက်ပြီး သစ်သီးစားမလား... ရွေးစရာများပါတယ်!

 

၂။ Gin - သစ်ရွက်နံ့သန်းတဲ့ အရက်

Gin ကို သောက်ဖူးရင် ထင်းရှူးသီးရနံ့ (Juniper) ကို ချက်ချင်းသတိထားမိမှာပါ။ ဒီအရက်က Botanical (သစ်ရွက်သစ်ပင်တွေရဲ့အနံ့) တွေနဲ့ ဖော်စပ်ထားတာပါ။

သမိုင်းကြောင်း

Gin ကို ၁၇ ရာစုမှာ နယ်သာလန်နိုင်ငံက စတင်ခဲ့တယ်။ ဗြိတိသျှစစ်သားတွေက ဒီအရက်ကို ချစ်သွားပြီး အင်္ဂလန်မှာ ပြန်ပြီး ကျော်ကြားလာခဲ့တာပါ။

ဘယ်လိုဖန်တီးလဲ

- ဂျုံ (သို့) ဘာလီ ကနေ အခြေခံအရက်ထုတ်ပြီး

- Juniper berries, coriander, citrus peel စတဲ့ သစ်ရွက်တွေနဲ့ အနံ့ထည့်ထားတယ်။

အကျော်ကြားဆုံး Gin တွေ

- Tanqueray (အင်္ဂလန်)

- Bombay Sapphire (အင်္ဂလန်)

- Hendrick’s (စကော့တလန်) - သခွားသီးနဲ့ နှင်းဆီအနံ့ပါ!

ဘယ်လိုသောက်ရမလဲ?

- Gin & Tonic (အလွယ်ဆုံး ရောစပ်ဖျော်သောက်လို့ရတယ်)

- Martini (ကလပ်စတိုင်ဆန်ဆန်ပဲ သောက်မလား)

- Tom Collins (သံပုရာသီးနဲ့ ချိုချဉ်လေးဖျော်ထားတာ)

 

၃။ Tequila - မက္က​စီကိုရဲ့ ဂုဏ်ယူစရာ

Tequila ဆိုတာ ပါတီတွေ၊ ဆိုင်​ကလပ်တွေမှာ လူကြိုက်အများဆုံးအရက်ပါ။ ဒါပေမယ့် အစစ်အမှန် Tequila က ဆော့စရာမဟုတ်ဘဲ ဂုဏ်ယူစရာအရက် ဖြစ်ပါတယ်။

သမိုင်းကြောင်း

Tequila က မက္က​စီကိုနိုင်ငံ၊ Jalisco ဒေသမှာ ၁၆ ရာစုက စတင်ခဲ့တယ်။ Blue Agave ဆိုတဲ့ နှင်းဆီမျိုးနွယ်ဝင် အပင်ကနေ ထုတ်လုပ်ပါတယ်။

ဘယ်လိုဖန်တီးလဲ

- Agave ပင်ရဲ့အူ (Piña) ကို မီးဖုတ်ပြီး အရည်ညှစ်၊ အချဉ်ဖောက်၊ ချက်ယူထားတယ်။

- 100% Agave ဆိုရင်တော့ အရည်အသွေးအကောင်းဆုံးပဲ ဖြစ်ပါတယ်။

သစ်သားစည်ထဲမှာ နှစ်ချို့အောင်၊ သက်တမ်းရင့်အောင် ထားခြင်း၊ မထားခြင်းကတော့ ထုတ်လုပ်မယ့် အမျိုးအစားပေါ်မူတည်နေပါတယ်။ အမျိုးအစားတွေအားဖြင့်

အမျိုးအစားများ

- Silver/ White/ Blanco/ Plata - စည်နဲ့ နှစ်ချို့မထားတဲ့ အမျိုးအစားဖြစ်ပြီး အရောင်ကတော့ အကြည်ရောင်ရှိပါတယ်။

- Gold/ JovenSilverကို အရောင်ထည့်ထားတာပါ။ (Joven = Young)

- Reposado – မက္က​စီကိုမှာ အရောင်းရဆုံး အမျိုးအစားဖြစ်ပါတယ်။ သစ်သားစည်ထဲမှာ နှစ်လကနေ တစ်နှစ်ကြား နှစ်ချို့ထားတဲ့ အမျိုးအစားဖြစ်ပြီး အရောင်ကတော့ ပုံမှန်အားဖြင့် အဝါရောင်ရှိပါတယ်။ တစ်ခါတစ်လေ ရွှေရောင်ရအောင် အရောင်ထည့်ထားတတ်တယ်။

- Anejo - အနည်းဆုံးနှစ်ချို့သက်တမ်း တစ်နှစ်ကနေ သုံးနှစ်အတွင်းရှိတဲ့ အမျိုးအစားဖြစ်ပြီး ရွှေရောင်အဆင်း ရှိပါတယ်။ (Anejo = အာညယ်ဟို = Vintage/ Extra Aged)

- Extra Anejo - သုံးနှစ်အထက် နှစ်ချို့သက်တမ်းရှိတဲ့ Tequilaကို ခေါ်တာပါ။ အကောင်းဆုံးအမျိုးအစားဖြစ်ပြီး Cognac ကော့ညက်ကောင်းတစ်ခုနဲ့တောင် နှိုင်းယှဉ်လေ့ရှိကြပါတယ်။

အကျော်ကြားဆုံး Tequila တွေ

- Don Julio

- Patrón

- Jose Cuervo

ဘယ်လိုသောက်ရမလဲ?

- Margarita (ဆားနဲ့ သံပုရာရည်နဲ့)

- Paloma (Grapefruit ဖျော်ရည်နဲ့)

- Neat (အရသာကို အာရုံစိုက်ပြီး သောက်မယ်ဆိုရင်)

ကျန်သေးတဲ့ ဝီစကီ၊ ရမ်နဲ့ ဂျင်အကြောင်းကို နောက်တစ်ခေါက်ကျ ထပ်ပြောကြတာပေါ့။

Share this post