
ယမကာလုလင်ပျိုတို့အတွက် Liquor အကြောင်း
ဒီနေ့ ကျွန်တော်တို့ ယမကာချစ်သူတိုင်း နေ့စဉ်သုံးနေကျ စကားလုံးတစ်ခုဖြစ်တဲ့ Liquor ဆိုတာ ဘာလဲဆိုတာကို ပြောပြချင်ပါတယ်။
Liquor ဆိုတာ အရက်ပါ။ အင်္ဂလိပ်လို ပြောရရင်တော့ Distilled Spirit ပေါ့။
Liquor ဖြစ်လာအောင် ပထမဆုံးအဆင့်အနေနဲ့ ကြံ ပြောင်း ဆန် ဘာလီ - အစရှိသဖြင့် တခုခုကို Alcoholဖြစ်အောင် အချဉ်ဖောက်ရပါတယ် (Fermentation လုပ်ရပါတယ်)။ ဒီလိုအချဉ်ဖောက်ခြင်းအားဖြင့် ethanol (or) ethyl alcohol ကို ရရှိပါတယ်။
ဒုတိယအဆင့်အနေနဲ့ ပေါင်းခံရတယ် Distillation လုပ်ရပါတယ်။ ရေတွေကို သပ်သပ်စီဖြစ်အောင် ဖယ်ထုတ်ပြီး Alcohol Concentration ပိုတိုးအောင် လုပ်ရပါတယ်။ ကျွန်တော်တို့ ပုလင်းတွေဝယ်တဲ့အခါ တွေ့ရတဲ့ ပုလင်းပေါ်က Percentage ရအောင်လုပ်တာပါ။ အဲဒီ % ကို ABV – Alcohol by Volume လို့ ခေါ်ပါတယ်။ ဒီလို Distillationလုပ်ပြီးရလာတဲ့ အရည်ကို အမေရိကမှာ Hard Liquorလို့ ခေါ်ကြပြီး UKမှာတော့ Spiritလို့ ခေါ်ကြပါတယ်။
“ဘီယာဟာ အရက်တော့ မဟုတ်ပါ”
Distillation မလုပ်ထားတဲ့ အရည်တွေကို Liquorလို့ မခေါ်နိုင်ပါဘူး။
ဘီယာတို့ ဝိုင်တို့မှာဆိုရင် Distillation လုပ်တာမပါဘဲ Fermentation တစ်ခုထဲနဲ့ လုပ်ထားတာပါ။
Fermentation တစ်ခုထဲနဲ့ဆိုရင် ABV က 20% ပတ်လည်လောက်ထိပဲ ရနိုင်ပါတယ်။
အဲဒါကြောင့် “ဘီယာဟာ အရက်တော့ မဟုတ်ပါ” ဆိုတဲ့ စကားဟာ မှန်တယ်လို့ ပြောလို့ရပါတယ်။
ဆိုတော့ Distillation လုပ်ပြီးတဲ့အခါ ABV တိုးလာပါတယ်။
ဒါကြောင့် ပုံမှန်အားဖြင့် ဘီယာတွေမှာ ABV 2-6% လောက်ပဲ ပါကြပါတယ်။
Liquorတွေကတော့ အနိမ့်ဆုံး 20%ကနေ 90% လောက်ထိ ရှိနိုင်ပါတယ်။
နောက်တစ်ခုက Liqueur ပါ။ စာလုံးပေါင်းချင်းဆင်လို့ Liquor ကို နောက်တစ်မျိုးရေးတာထင်ပြီး
မှားတတ်ကြပါတယ်။ တစ်ကယ်က သပ်သပ်စီပါ။
Liqueur ဆိုတာ Liquor + sweetener + flavour ပါ။
အချိုနဲ့ အခြားအနံ့အရသာတွေ ပေါင်းထည့်ထားတာပါ။ ပုံမှန်လူတွေအနေနဲ့ သုံးလေ့မရှိပေမယ့် Bar တွေ၊ ကော့တေးဖျော်တဲ့နေရာတွေမှာ မရှိမဖြစ်သုံးကြပါတယ်။
Liquor ကို အခြေခံအားဖြင့် ၆မျိုး ခွဲခြားထားပါတယ်။
- Tequila (40% alcohol)
- Rum (40% or more alcohol)
- Brandy (40% or more alcohol)
- Gin (40–47% alcohol)
- Whisky (40–50% alcohol)
- Vodka (40–50% alcohol) တို့ပဲဖြစ်ပါတယ်။
အခြားအရာတွေအနေနဲ့ကတော့
Beer (2–6% alcohol)
Wine (8–20% alcohol)
Liqueurs (15–60% alcohol)
ဒါတွေက ယေဘူယျအားဖြင့်ပဲ ခွဲခြားထားတာပါ။ အခြားအမျိုးအစားတွေ အများကြီးရှိပါသေးတယ်။
ကျွန်တော်တို့ရဲ့ နောက်လာမယ့် postတွေမှာ အပေါ်က Liquor( ၆)မျိုးအပြင် အရက်သောက်ခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အတူတူ လေ့လာကြရအောင်ပါ။